ကျွန်တော် လိုက်ရှာလိုက်ရတယ်ဗျာ...
တော်တော်လေး ရှာလိုက်တော့မှ china site တစ်ခုကနေ တွေ့တယ်...
အခုတော့ firmware ပြန်တင်လိုက်တာ အဆင်ပြေသွားပါပြီ...
အဲဒါနဲ့ သူငယ်ချင်းတွေလည်း အဲလိုဖြစ်ရင် ပြန်တင်လို့ ရအောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ...
အောက်က link မှာ ဒေါင်းလိုက်ပါနော်...
Huawei Y511-U00 Firmware
အဲဒီမှာ 3 file ရှိတယ်...
01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip တစ်ဖိုင်ပဲ ဒေါင်းပြီး ရေးရင် အဆင်ပြေပါတယ်...
ကျွန်တော်တော့ သုံးဖိုင်လုံး ဆွဲလိုက်ရတယ်...
Huawei Y511-U00 firmware ပြန်တင်သူအားလုံး အဆင်ပြေကြပါစေဗျာ...
ရေးနည်းကတော့
- 01_HUAWEI_Y511-U00_XSJZB_ydss_by_ZX.zip ကို အရင်ဆုံးဖြည်ချပါ...
- SP_Flash_Tool_v3.1316.0.150 ဖိုဒါ ထဲမှ အပြာရောင်လေးနဲ့ Flash_tool.exe ကို run ပေးပါ...
- Scatter-loading နေရာတွင် ဖြည်ထားသော ဖိုဒါထဲမှ MT6572_Android_scatter_emmc.txt ကို ရွေးပေးပါ...
- Firmware -> Upgrade ဆိုတာလေးကို နှိပ်ပါ...
- ဖုန်းကို battery ဖြုတ်ပြီး 5seconds လောက်ထားပါ...
- battery ပြန်တပ်ပြီး မည့်သည့် ခလုတ်ကိုမှ မနှိပ်ပဲ USB ကြိုးချိတ်ပါ...
- Driver မသိလျှင် ကွန်ပျူတာ ရဲ့ Device Manager မှ ကျွန်တော်တို့ ဖြည်ထားခဲ့တဲ့ ဖိုဒါထဲမှ MTK USB Driver ဆိုသော ဖိုဒါလေးကို ရွေးပေးလိုက်ရင် အဆင်ပြေသွားပါပြီ...